Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တည်ထောင်သည့်နေ့ (၁၂)နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ


09 Feb,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၂)နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုသုတေသနစာတမ်းဖတ်ပွဲကို(၈.၂.၂၄)နေ့ နံနက်(၈:၃၀) အချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးရာဌာနများ၊ စီမံရေးရာဌာန နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန များမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက် ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သဘာပတိများအဖြစ် တက္ကသိုလ်အသီးသီးမှ အငြိမ်းစားပါမောက္ခချုပ်များ၊ အငြိမ်းစားပါမောက္ခများက Video Conferencing ဖြင့် လည်းကောင်း၊ အခြားတက္ကသိုလ်/ကောလိပ်များမှ ကျောင်းအုပ်ကြီးများ နှင့်ဆရာ၊ဆရာမများမှလည်း Video Conferencingဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။

ပါမောက္ခချုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တက္ကသိုလ် တည်ထောင်သည့်(၁၂)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ပြည်တွင်း ပြည်ပတွင် သုတေသနစာတမ်းများ ဖတ်ကြားပြီး ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနစာတမ်းများပေါ်ထွက်လာနိုင်ရန်၊ သုတေသန ပြုလုပ်လိုစိတ် ပိုမိုပေါ်ပေါက်လာစေရန်နှင့် အရည်အသွေး ပြည့်ဝသော သုတေသန လုပ်ငန်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပါ‌ကြောင်း၊ တက္ကသိုလ်၏ သုတေသနဂျာနယ် Vol.6, No(1)ထိ ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု စာတမ်းဖတ်ပွဲ Theme ဖြစ်သည့် Towards better Research for Socio-economic Development” ဆိုသည့်အတိုင်း အရည်အသွေးပြည့်ဝသည့် သုတေသနစာတမ်းများမှ အဖိုးထိုက်တန်သော ရလဒ်များဖြင့် တိုင်းပြည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တထောင့်တနေရာမှ အကျိုးပြုသွားနိုင်ရန် ဖြစ်ပါကြောင်း၊ ယခုဖတ်ကြားကြမည့် စာတမ်းများတွင်လည်း လူမှုအကျိုးပြုနှင့် ဘာသာရပ် အကျိုးပြုစာတမ်း(၃)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း(၅)စောင်၊ ဒေသအကျိုးပြု နှင့် ဘာသာရပ်အကျိုးပြု စာတမ်း(၂)စောင်ဖြင့် စုစုပေါင်း စာတမ်း(၁၀)စောင် ဖတ်ကြားမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ကိုယ်စားပြုစာတမ်းရှင်များ အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၃ တွင် နိုင်ငံတော်အဆင့် သုတေသန စာတမ်းဆုကို ရရှိခဲ့သည့် ဦးကျော်သူရ၊ ပါမောက္ခ (ဌာနမှူး)၊ ဘောဂဗေဒဌာန၊ ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် နိုင်ငံတော်အဆင့် သုတေသနစာတမ်း ပထမဆုများ ရရှိခဲ့ကြသည့် ဒေါက်တာဝေဖြိုးအောင် (ကထိက၊ စီမံခန့်ခွဲမှုပညာဌာန)နှင့် ဦးထွန်းမင်းအောင်(နည်းပြ၊ ဝါဏိဇ္ဇဗေဒဌာန)တို့အား တက္ကသိုလ်ကိုယ်စား ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ Master Thesis များတွင် အထောက်အပံ့ကောင်းများ ရရှိမည်ဖြစ်၍ ဖတ်ကြားကြမည့် သုတေသန စာတမ်းများကို ကြိုးစားလေ့လာ မှတ်သားထားကြရန်လိုပါကြောင်း၊ သုတေသနစာတမ်းများမှာ ၂၀၁၄ခုနှစ် မှ ၂၀၂၃ခုနှစ်ထိ စာတမ်းစုစုပေါင်း (၁၇၇)စောင် ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ KOMYRAတွင် ဖတ်ကြားခဲ့သော စာတမ်းမှာ ၂၀၂၀ခုနှစ်မှ ၂၀၂၄ခုနှစ်ထိ International Paper (၂၈)စောင် ဖတ်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် University Industrial Collaboration ပြုလုပ်ရန် မိမိတို့တက္ကသိုလ်၏ဌာနများအလိုက် Research များ လုပ်ဆောင်လျက်ရှိကြောင်း၊ KOMYRA နှင့် University of Malaysia, Sarawakတို့ဖြင့်လည်း ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဆရာ/ဆရာမများမှ International Publication ရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် တက္ကသိုလ်တွင် International Conference ကျင်းပနိုင်သည် အထိ ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်း တို့ကိုပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာတမ်းရှင်များမှ လူမှုအကျိုးပြုနှင့် ဘာသာရပ် အကျိုးပြုစာတမ်း (၃)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း(၅)စောင်နှင့် ဒေသဆိုင်ရာနှင့် ဘာသာရပ်ဆိုင်ရာ အကျိုးပြု စာတမ်း(၂)စောင်ဖြင့် စုစုပေါင်း စာတမ်း(၁၀)စောင်အား ဖတ်ကြား တင်သွင်းခဲ့ကြသည်။

ထို့နောက်သဘာပတိများနှင့် စာတမ်းရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို(၁၇း၃၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm