Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိူးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ


09 Feb,2024

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း တွံတေးခရိုင်ဦးစီးမှူးဦးနေဝင်းနှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၇ ရက်နေ့က. ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်

     ဦးစွာ.ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် နှင့် တာဝန်ရှိသူများသည် ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတင်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မြို့နယ်အစည်းအဝေးခန်းမ၌ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း က. ကွမ်းခြံကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်းတင်ပြပါသည် ယင်းနောက် ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက မြို့နယ်ရုံးရှိ ဝန်ထမ်းရေးရာကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်

 ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းလွင် က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် စဥ်ဆက်မပြတ် လေ့လာဆည်းပူး​နေကြရန်နှင့် ဝန်ထမ်းများအခက်အခဲများရှိပါက တင်ပြနိုင်ပါကြောင်း ဆွေးနွေးမှာကြားပြီး ခရိုင် မြို့နယ်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm