ရွှေတောင် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်းဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၇ရက် နံနက်ပိုင်းက အဆိုပါ စက်ရေတွင်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်က အဖွင့် အမှာစကား ပြောကြားသည်၊၊
ဆက်လက်၍ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေရရှိရေးလုပ်ငန်း များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရွှေတောင်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာငါးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး လေးကျွန်း ဆီမီးကျေးရွာ၌ အဆိုပါ စက်ရေတွင်း ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်း ရေရှည်တည့်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားကြရန် ပြောကြားသည်၊၊
ထို့နောက် အဆိုပါစက်ရေတွင်းအား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရေတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်၊၊
လေးကျွန်းဆီမီးကျေးရွာတွင် အကျယ် ၄ ၁/၂လက်မ PVC အနက်ပေ ၄၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ဆိုလာရေတင်စနစ် တပ်ဆင် ခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၂၅သန်း အသုံးပြု၍ တင်ဒါအောင်မြင်သည့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီမှ ၂၀၂၃ခုနှစ် ဇူလိုင်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် လေးကျွန်းဆီမီး ကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး ဖူလုံစွာ ရရှိသုံးစွဲနေပြီဖြစ်ကြောင်း သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်