ဘားအံ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ ရေပေးရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် ကျေးလက်ရေပေးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားသည်၊၊
ဆက်လက်၍ ဘားအံခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုးက ကျေးလက်ရေပေးရေးဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန်အတွက် ဆောင်ရန် ရှောင်ရန်အချက်များကို ရှင်းလင်း ပြောကြားသည်၊၊
အဆိုပါ သင်တန်းသို့ ဘားအံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ကျေးရွာ ၃၃ရွာမှ ရေကော်မတီဝင် ၆၆ဦး တက်ရောက်ကြပြီး သင်တန်းအား စာတွေ့လက်တွေ့ဖြင့် တစ်ရက်ကြာ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်