မိတ္ထီလာ ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂွေးကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော ဂွေးကုန်းကျေးရွာကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက အဖွင့်အမှာစကားပြောကြား ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင် က ဂွေးကုန်းကျေးရွာကျေးလက်ကုန်ထုတ်လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာကော်လမ်းကော်မတီ ဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
ထို့နောက် ဂွေးကုန်းကျေးရွာကျေးလက်ကုန်ထုတ်သစ်ဖွင့်ပွဲမုဒ်ဦးအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လုပ်ငန်းဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းကြပြီးနောက် ကုန်ထုတ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးပါသည်။
အဆိုပါ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နိုင်မှုကြောင့် ဂွေးကုန်း၊ ရေငံ(အရှေ့)၊ မုန်တိုင်၊ ကျောက်ဖူးစသည့် ကျေးရွာလေးရွာရှိ လူဦးရေ ၃၄၄၅ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၁၂၀၀၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ များမှ ထွက်ရှိသော လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်