Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်


08 Feb,2024

ကျောက်မဲ၊ ဖေဖော်ဝါရီ ၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ကျောက်မဲ) အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် ကျောက်မဲမြို့နယ်၊ ပန်လော့စံပြကျေးရွာမှ စက်ပြင်လုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား(၁၅)ဦးအား တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား(၁၀)ဦးအား စက်ချုပ်နည်းပညာသင်တန်းတို့ကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ် မြောက်အောင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ သင်တန်းတစ်ခုချင်းစီမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော ထူးချွန်သင်တန်းသား(၅)ဦးစီ စုစုပေါင်း သင်တန်းသား(၁၀)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(ကျောက်မဲ)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ကျောက်မဲ) ကျောင်းအုပ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

          ထို့နောက် ကျောက်မဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း(ကျောက်မဲ)ကျောင်းအုပ်တို့က လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm