လေးမျက်နှာ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ တံတားလုပ်ငန်းများအား ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study)ကို မြို့နယ်ဦးစီး အရာရှိ(မြို့ပြ) ဦးမြင့်လင်း ဦးဆောင်၍ Soil Test အဖွဲ့နှင့်အတူ ယမန်နေ့က မဲဇလီကျေးရွာအုပ်စု ငါးရံ့ကျော်ချောင်းတံတားအား စမ်းသပ်ခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်၌ မြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရိုး ဝက်သေ တံတား၊ ကညင်ကွင်း တူးရိုးတံတား၊ ဆီဆုံကုန်း ကြာအင်းတံတား၊ မြစ်ကျိုးချောင်းတံတား၊ ကဇင်းပင်လယ်သိမ်တံတားနှင့် ငါးရံ့ကျော် ချောင်းတံတားအပါအဝင်စုစုပေါင်း တံတားခြောက်စင်းအား Soil Test စမ်းသပ်၍ ဖြစ်နိုင်ခြေလေ့လာမှုကို စမ်းသပ်လျက်ရှိကြောင်းကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တင်ရွှေ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်