Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်


06 Feb,2024

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား(၁၁)ဦးအား အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းနှင့် စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား (၁၀)ဦးအား အခြေခံနှင့်မွမ်းမံ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းတို့ကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ သင်တန်းတစ်ခုချင်းစီမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော ထူးချွန်သင်တန်းသား(၅)ဦးစီ စုစုပေါင်း သင်တန်းသား (၁၀)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့ တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်း တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနများ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက အမှာစကား ပြောကြား ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ သင်တန်းပေးရခြင်း၊ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်း စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ကြပြီး စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm