Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံစက်ချုပ်သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်


30 Jun,2022

အမရပူရ၊ ဇွန် ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံနှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမရပူရမြို့ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ သင်တန်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ ကျောင်းအုပ်ကြီး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ သမဝါယမဦးစီး‌ဌာန   ညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ‌သင်တန်းသူများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က သင်တန်းဆင်းအမှာစကား ပြောကြားရာ ကျေးလက်၊ မြို့ပြခွဲခြားမှုမဖြစ်စေဘဲ အသက်မွေးဝမ်းကျောင်းပညာတစ်ခု တန်းတူတတ်မြောက်စေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များပေါ်ထွက်လာနိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်၍ သင်တန်းဆင်း သင်တန်းသူများအနေဖြင့် သင်ကြားပေးလိုက်သည့် ပညာရပ်များအား ဆက်လက် လေ့လာသင်ယူ ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်း၌ ထူးချွန်ဆုရရှိသူအား အပ်ချုပ်စက် ထူးချွန်ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းများ၏ ကျောင်းဆင်းလက်ရာ အထည်ထွက်ရှိမှုများ၊ စက်ရက်ကန်းဌာန လက်တွေ့ဆောင်ရွက်နေမှုများ၊ ဆေးဆိုးနည်းပညာဌာန eco printing ဆောင်ရွက်နေမှု၊ ပန်းပုံရိုက်နည်းပညာ လက်တွေ့ဆောင်ရွက်နေမှုများ၊ ပြတိုက်၊ လက်ရက်ကန်းဌာန၊ ရွှေချည်ထိုး၊ ငွေချည်ထိုးဌာနနှင့် အချိတ်ဌာနအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm