ပြင်ဦးလွင် ဖေဖော်ဝါရီ ၇
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တွင် အင်းထိပ်ဦး - ကျီးကိုင် ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက်က အင်းထိပ်ဦး-ကျီးကိုင်လမ်း၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီးကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) က လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အင်းထိပ်ဦး-ကျီးကိုင် ကျေးရွာချင်းဆက်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းများကို အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများထံ ပေးအပ်သည်။ ယင်းနောက် အင်းထိပ်ဦး-ကျီးကိုင် ကတ္တရာလမ်းသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်၍ လမ်းပိုင်း တစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
အဆိုပါ အင်းထိပ်ဦး - ကျီးကိုင်ကျေးရွာချင်းဆက်လမ်း (၂/၀မိုင် ×၁၂ပေ ×၁၅လက်မ)ကတ္တရာလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တင်ဒါအောင်ကုမ္ပဏီက (၁/၃.၄) မိုင်အား တိုင်းဒေသကြီး ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေကျပ် ၄၇ဝ ဒသမ ၂၅၄ သန်းဖြင့် တင်ဒါအောင်မြင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျန်(ဝ/၄.၆) ဖာလုံအား ကုမ္ပဏီက လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်းထိပ်ဦး - ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသည် ကျေးရွာ လေးရွာ၊အိမ်ခြေ ၈၄၄ အိမ်၊ လူဦးရေ ၃၇၃၇ ဦး၊ စိုက်ပျိုးမြေ ဧက ၅၅၀ ကို အကျိုးပြုမည့် လမ်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်