Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုအထိမ်းအမှတ် လင်းခေးမြို့နယ် နားလင်းကျေးရွာ ရွာတွင်းကွန်ကရစ်ဘီးလမ်းဖွင့်


07 Feb,2024

လင်းခေး ဖေဖော်ဝါရီ ၇
 
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုအထိမ်းအမှတ် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လင်းခေးမြို့နယ် နားလင်းကျေးရွာ ရွာတွင်းကွန်ကရစ်ဘီးလမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နားလင်းကျေးရွာသူ ကျေးရွာသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြို့ဆောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သူက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နားလင်းကျေးရွာ ရွာတွင်းကွန်ကရစ်ဘီးလမ်းကို လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြို့ဆောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ ယခုဖွင့်လှစ်သည့် လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ် နားလင်းကျေးရွာ၌ ရွာတွင်းလမ်းအရှည်ပေ ၁၀၀၀၊ အမြင့် လေးလက်မ၊ တစ်ဖက်လျှင် အကျယ် သုံးပေခြောက်လက်မရှိ ကွန်ကရစ်ဘီလမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေကျပ် ၁၂ ဒသမ ၂ သန်း၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ် သုံးသန်းအသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ၂၀၂၃ ခုနှစ် သြဂုတ်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရွာတွင်းကွန်ကရစ်ဘီးလမ်းဖွင့်လှစ်ပြီဖြစ်၍ နားလင်းကျေးရွာရှိ အိမ်ခြေ ၆၅ အိမ်၊ လူ ၃၇၃ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူချောမွေ့စွာ သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm