Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စမ်းသီတာ(၆)မိုင်ကျေးရွာ၌ ဘက်စုံသုံးခန်းမဖွင့်ပွဲ ကျင်းပ


05 Feb,2024

မိုင်းတုံ ဖေဖော်ဝါရီ ၅ ရက်
======================
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စမ်းသီတာ(၆)မိုင် ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာ ဘက်စုံသုံးခန်းမဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
 
ရှေးဦးစွာ မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်က အဖွင့်အမှာစကားပြောကြားပါသည်။
 
ဆက်လက်၍ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုက ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များထံ လုပ်ငန်းဆိုင်ရာ အချက်အလက်များ လွှဲပြောင်းပေးအပ်ပါသည်။
 
ထို့နောက် မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာရပ်မိရပ်ဖ တစ်ဦးတို့က ဘက်စုံသုံးခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
 
အဆိုပါ စမ်းသီတာ(၆)မိုင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်း အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ ရှိ ခန်းမတည်ဆောက်ခြင်း လုပ်ငန်းကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေကျပ် ၃၃ ဒသမ ၇၆ သိန်း၊ စုစုပေါင်းငွေကျပ် ၁၈၃ ဒသမ ၇၆ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm