Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ခပေါင်းစမ်းကျေးရွာ၌ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများပြီးစီးမှု စစ်ဆေး


06 Feb,2024

ချောက်   ဖေဖော်ဝါရီ   ၆

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထပ်တိုး ဆောင်ရွက်သည့် သံဘိုကျေးရွာအုပ်စု၊ ခပေါင်းစမ်းကျေးရွာတွင် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့်အတူ ခပေါင်းစမ်းကျေးရွာ၌ ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

ခပေါင်းစမ်းကျေးရွာတွင်  ရေသန့်စင်စနစ်ဆောင်ရွက်ခြင်း၊  33 HP အင်ဂျင်တပ်ဆင်ခြင်း၊ အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် ၁၀ပေ ရေစင်အောက်ခန်းဖွဲ့ခြင်းနှင့် အရှည်ပေ ၃၅၀ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၁ ဒသမ ၂၅သိန်း၊ စုစုပေါင်း ငွေကျပ် ၁၅၁ ဒသမ ၂၅သိန်း  အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ချောက် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm