နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥတ္တရသီရိမြို့နယ်အတွင်းရှိ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်မွန်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ဘုရားတောင်ကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။
ဘုရားတောင်ကျေးရွာ ကျေးလက်ရေရရှိရေး အကျယ်လေးလက်မ အနက်ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၀၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုဋေစံကုမ္ပဏီက စက်တင်ဘာလ ပထမအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၆၈ အိမ်၊ လူဦးရေ ၁၉၀၀ ဦးတို့ အတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်