Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Geophysical Survey တိုင်းတာနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


06 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၆
 
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများပိုမိုထိရောက်အောင်မြင်စေရန်နှင့် ဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခင်ထက်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Geophysical Survey တိုင်းတာနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။
 
ထို့နောက်တက်ရောက်လာကြသည့် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီးနောက် သင်တန်းနည်းပြဖြစ်သူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပါသည်။
 
အဆိုပါ Geophysical Survey တိုင်းတာနည်းသင်တန်းကို ဦးစီးဌာန(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသားသင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ၄ ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm