မန္တလေး ဖေဖော်ဝါရီ ၅
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ်ရှိ အင်းထိပ်ဦး-ကျီးကိုင် ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက အဆိုပါနေရာတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းက ကျေးလက်လမ်း၊ တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု များနှင့်ပတ်သက်၍လည်းကောင်း၊ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အဖွဲ့သည် အင်းထိပ်ဦး-ကျီးကိုင် ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးလမ်းမပေါ် ဖြတ်သန်းကြည့်ရှု၍ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၁-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ဒေသဖွံ့ဖြိုးရေး(အခြား)ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် ဆင်ခေါင်းလေး-ရွှေသင်း(ဖာ့သင်း)-အင်းပုတ်-ပို့ကုန်း-ဘော်-ကျားတွင်းရေ-လယ်မ-ပင်စုတ်လမ်း Class A ကတ္တရာလမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘော်ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန် ဧက၂၀၀ နှင့် ကုန်ထုတ်လမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မျိုးကျော်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်