နေပြည်တော် ဖေဖေါ်ဝါရီ ၂ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက်ကွန်ပျူတာစီစဉ်ရေးမှူးနှင့် စာရင်းကိုင်(၄)များ၏ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို (၂-၂-၂၀၂၄)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာ သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ ပို့ချပေးလိုက်သည်များကို လက်တွေ့ကျကျ အကျိုးရှိရှိ/ထိထိရောက်ရောက် ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာသည့် ဝန်ထမ်းကောင်းများဖြစ်ရန်လည်းအမြဲ ကြိုးစားကြရမည်ဖြစ်ကြောင်း၊ တာဝန်သိစိတ်ဓါတ်ဖြင့် နိုင်ငံအကျိုး/ပြည်သူ့အကျိုး သယ်ပိုးကြရမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားပြီး သင်တန်းသူ/သားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းကို (၂၉-၁-၂၀၂၄)ရက် နေ့မှ (၂-၂-၂၀၂၄)ရက်နေ့အထိ တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၂၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်