နန့်စန် ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နန့်စန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၅)-အမှတ်(၆)လမ်း၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ လွိုင်လင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်၊ နန့်စန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မာမာသက်နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက အမှတ်(၅) - အမှတ်(၆) လမ်း၌ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က လိုအပ်သည်များ မှာကြားသည်။
အမှတ်(၅)-အမှတ်(၆)လမ်း၌ လမ်းအရှည် ၂ ဒသမ ၈၈ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၄ ဒသမ ၉၈ သန်းဖြင့် KZEN ကုမ္ပဏီက၂ဝ၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်ထံမှ သိရသည်။
ဟိန်းထက်စိုး(မလှိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်