လှည်းကူး ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှပံ့ပိုးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်က ခရောင်ကျေးရွာ ရွာလယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်း တိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေတို့က နွေစပါး စိုက်ပျိုးမည့် သမဝါယမအသင်း (၆) သင်းက အသင်းသားတောင်သူ (၂၁၅) ဦး၊ နွေစပါးစိုက်ဧက (၁၃၁၄) ဧကအတွက် ငွေကျပ် (၂၁၆.၅၆၉) သန်းနှင့်ညီမျှသော သွင်းအားစုများကို တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အသင်းသားများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက် )
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်