Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၊ သင်တန်းသား/သူများအတွက် စားသောက်စရိတ်ထောက်ပံ့လှူဒါန်းမှုနှင့် သင်ထောက်ကူပစ္စည်း ပေးအပ်ပွဲအခမ်းအနား ကျင်းပ


29 Jun,2022

မော်လမြိုင်၊ ဇွန် ၂၉

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက် စနေနေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့အား ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိ သည့် သင်တန်းသား/သူ(၆၅)ဦးအတွက် မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများက စားသောက် စရိတ်ထောက်ပံ့လှူဒါန်းခဲ့ခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်ထောက်ကူပစ္စည်း ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် (၀၈:၃၀) နာရီတွင် သက်မွေးပညာသင်တန်းကျောင်းခန်းမ(ရာမညဆောင်)၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီး၊ အသင်းစုချုပ်ဉက္ကဌ၊ မြို့နယ်သမဝါယမဦးစီးမှူးများ၊ မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌများနှင့် သင်တန်းသား/သူများတက် ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားပြီး သင်တန်းသား / သူများ၏ နေ့စဉ်စားသောက်စရိတ်အတွက် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်အသင်းစုချုပ်၊ မြို့နယ်(၁၀)မြို့နယ်မှ သမဝါယမအသင်းစုများနှင့် အခြေခံအသင်းများမှ ကျပ်(၂၂၅.၃၁)သိန်းအား ပေးအပ်လှူဒါန်းခဲ့ခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပေးအပ်ရာ  သက်ဆိုင်ရာ အသင်းဉက္ကဌများမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော သင်တန်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းဖြစ်သည့် ငွေကျပ်(၁၄၅၀၀၀/-)တန်ဖိုးရှိ ဘောလ်ပင်၊ စာရင်း ရေးဆွဲရန် စာအုပ်များအား ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးက ပေးအပ်ရာ ကျောင်းသားကိုယ်စား လှယ်များမှ လက်ခံရယူသည်။ ထို့နောက် ကျောင်းအုပ်ကြီးမှ စားသောက်စရိတ်နှင့် သင်ထောက် ကူပစ္စည်းများ လှူဒါန်းခဲ့ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ သင်တန်းကျောင်းအား(၁၆-၆-၂၀၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်း သား/ သူ(၆၅)ဦး တက်ရောက်လျက်ရှိရာ သင်တန်းကာလမှာ(၂)နှစ်ဖြစ်ပါသည်။ ဤကျောင်းအား ပညာ ဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်နှင့် သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm