ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီးအောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇီးဖြူကုန်း-ကိုးပင်-သာဂရ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီ က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပန်သုမောင်နှင့် တာဝန်ရှိသူများက ဆင်ပေါင်ဝဲမြို့နယ်ဇီးဖြူကုန်း-ကိုးပင်-သာဂရ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဇီးဖြူကုန်း-ကိုးပင်-သာဂရ ကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၈ပေ၊အမြင့် ရှစ်လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၉ ဒသမ ၈ သန်းဖြင့် လင်းရောင်ထိန်ကုမ္ပဏီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ကျေးရွာသုံးရွာရှိ အိမ်ခြေ ၉၈၆ အိမ်၊ လူ ၃၄၅၁ ဦးတို့ ရာသီမရွေးသွားလာနိုင်ပြီး ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးပန်သုမောင်ထံမှ သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်