မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ကျေးလက်လမ်းလုပ်ငန်းခြောက်ခု၊ ကျေးလက်တံတားလုပ်ငန်းခြောက်ခု စုစုပေါင်းကျေးလက် လမ်းတံတားလုပ်ငန်း ၁၂ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် လျာထားကြောင်း သိရသည်။
အဆိုပါကျေးလက်လမ်းတံတားလုပ်ငန်းများကို လိုအပ်သော ဒီဇိုင်းပုံထုတ်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးဖြူသီခိုင်နှင့်အဖွဲ့က ညောင်ဦးခရိုင်နှင့်သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်