တောင်တွင်းကြီး၊ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီမီးထွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဖေဖော်ဝါရီ ၄ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့်ဝန်ထမ်းများကမြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဆီမီးထွန်းကျေးရွာရှိ တောင်သူဦးရေ ၃၅ဦး၏ ဆောင်းနေကြာအပါအဝင်အခြားဆီထွက်သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများ၊လစဉ်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများအားစနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြား ချက်များအတိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီးနေကြာအပါအဝင်အခြားဆီထွက်သီးနှံများ စိုက်ပျိုးသည့် တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များဝယ်ယူသုံးစွဲနိုင်ရန်အတိုးနှုန်းသက်သာသောချေးငွေများ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၁၀၄ သိန်းအား ထုတ်ချေးပေးထားကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်