Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား


05 Feb,2024

နေပြည်တော် ဖေဖေါ်ဝါရီ ၅ ရက်

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းးအင်ဂျင်နီယာ(၃)(မြို့ပြ)၊ အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ)များ၏ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို (၅-၂-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ များ တက်ရောက်ကြသည်။ 

     ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ အလေးအနက် လိုက်နာမှတ်သား သင်ယူကြရန်နှင့် ဌာနမှ အားကိုးရသော ဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားဆောင်ရွက်သွားကြရန် စသည်ဖြင့် မှာကြားပြီးနောက်  သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြား၍ သင်တန်းဖွင့်ပွဲ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

        သင်တန်းတွင် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်၊ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်/စည်းကမ်းများ၊ ဌာနစိတ်အလိုက် ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ငွေစာရင်း ထားသိုပုံများနှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာများအား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာ သင်တန်းကို (၅-၂-၂၀၂၄)ရက် နေ့မှ (၉-၂-၂၀၂၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၂၉)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm