Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်မဲမြို့နယ် နားပြိန်း-နောင်လိုင်လမ်း၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


31 Jan,2024

ကျောက်မဲ ဇန်နဝါရီ ၃၀

            ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နားပြိန်း-နောင်လိုင်လမ်း၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဝဏ္ဏစိုးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၁ ဒသမ ၄၉၉ သန်းဖြင့် ဆောင်ရွက်သည့် နားပြိန်း-နောင်လိုင်လမ်း အပိုင်း(၁) ကွန်ကရစ်လမ်းခင်းခြင်း၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၁ ဒသမ ၇၁၄ သန်းဖြင့် နားပြိန်း- နောင်လိုင်လမ်း အပိုင်း(၂) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ ဦးစီးအရာရှိ (မြို့ပြ)က ကွန်ကရစ်လမ်းကို ရေရှည်အသုံးပြုနိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

            ကျောက်မဲမြို့နယ် နားပြိန်း- နောင်လိုင်လမ်း အပိုင်း(၁) ၌ လမ်းအရှည် ၃ ဒသမ ၃၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ် လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရွှေရည်သဇင်ဖြိုးကုမ္ပဏီက လည်းကောင်း၊ နားပြိန်း- နောင်လိုင်လမ်း အပိုင်း (၂) ၌ လမ်းအရှည် ၃ ဒသမ ၃၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျောက်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လည်းကောင်း ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာနေပြည်သူများသွားလာရ အဆင်ပြေမည်ဖြစ်ကြောင်း ဦးစီးအရာရှိ(မြို့ပြ) ဦးဝဏ္ဏစိုးထံမှ သိရသည်။

ကျော်စောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm