Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပယ်ကျ-ညောင်ကိုင်း-လိန်တုန်းလမ်း(၂/၂)မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ယခုလကုန်တွင် ပြီးစီးမည်


31 Jan,2024

ကံမ ဇန်နဝါရီ ၃၀

            မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကံမမြို့နယ်အတွင်းရှိ ပယ်ကျ-ညောင်ကိုင်း- လိန်တုန်းလမ်း (၂/၂)မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဇာလှိုင်သန်း သွားရောက်ကွင်းဆင်းစစ်ဆေးရာ ယခု လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

            ယင်းလမ်းပိုင်းအား ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ကျေးလက်လမ်း/ တံတားများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကံမမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၅၂ ဒသမ ၄၅၁ သန်းဖြင့် အောင်ဇေကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ပယ်ကျ-ညောင်ကိုင်း-လိန်တုန်းလမ်း(၂/၂) မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ယခုလကုန်တွင် ရာနှုန်းပြည့် ပြီးစီးနိုင်မည်ဖြစ်သည်။

            အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၅၆ဝ အိမ်နှင့် လူဦးရေ ၂၂၅၆ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ အဆင်ပြေလွယ်ကူချောမွေ့စွာသွားလာလုပ်ကိုင်ဆောင်ရွက်နိုင်မည့်အပြင် ကျေးလက်နှင့်မြို့ပြကွာဟမှုများ လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

ဧကရီ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm