Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြမြို့နယ် သမဝါယမအသင်းစု၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


31 Jan,2024

မြောင်းမြ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး​ကို ဇန်နဝါရီ ၃၀ ရက်နေ့က မြို့နယ် သမဝါယမ အသင်းစုရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ဧည့်သည်တော်များအဖြစ် ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းနှင့် မြောင်းမြမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စန္ဒာညွှန့်တို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့ပြီးနောက် သဘာပတိမှနိဂုံးချုပ်အမှာစကားပြော၍ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)

ဧရာဝတီတိုင်းဒေသကြီး

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm