မအူပင် ဖေဖော်ဝါရီ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ဝန်ထမ်းများ၏ ထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုရဲ့ သက်သာချောင်ချီရေးကိစ္စရပ်များ၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေကြရန်နှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ ကျန်းမာရေးဂရုစိုက်ကြရန်ဆွေးနွေးမှာကြားပြီး ခရိုင်၊ မြို့နယ်ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်