Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မရမ်းကုန်းမြို့နယ်အတွင်းရှိ ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


01 Feb,2024

မရမ်းကုန်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာန နှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ မြို့နယ်အတွင်း ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်း များနှင့် တွေ့ဆုံ၍ ဇန်နဝါရီ ၃၀ ရက်က သမဝါယမအသင်းစုလီမိတက်ရုံးခန်း၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ဦးစီးအရာရှိက အသင်းပိုင်ရင်းနှီးပစ္စည်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အခွန်ပေးဆောင်ရမည့် ကိစ္စရပ်များ၊ မီးအာမခံထားရှိရေး ကိစ္စရပ်များ၊ စာရင်းစစ်ဆေးခြင်းကိစ္စရပ်များနှင့် အသင်းများမှ ဆက်လက်​ဆောင်ရွက်ရန် လိုအပ် သည့်​ ရှေ့လုပ်ငန်းစဥ်များကို အသေးစိတ်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး အသင်းများမှ ​မေးမြန်းဆွေးနွေး ချက်များကို မြို့နယ်ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း‌ပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်ဦးစီးအရာရှိနှင့် ဦးစီးမှူးများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အခြေခံ သမဝါယမအသင်းများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm