Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ


31 Jan,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၃၀.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၉း၃၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များကို ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားအစီအစဉ်အရ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်းအား အဆိုအကအလှများဖြင့် ဦးစွာသီဆို ဖျော်ဖြေခဲ့ပြီးနောက် ဆရာ၊ဆရာမများအား ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်နေသော နိုင်ငံဖြစ်သည့်အတွက် MSME လုပ်ငန်းများ၊ ကုမ္ပဏီ လုပ်ငန်းများ တိုးတက်စွာ ပေါ်ပေါက်လာသည်နှင့်အမျှ စာရင်းပညာရှင်များ၏ အခန်းကဏ္ဍမှာ ပို၍အရေးပါလာပါသည်။ စာရင်းသဘောတရားကို ကောင်းစွာနားလည် သဘောပေါက် ကျွမ်းကျင်သည့် Accountant , Chief Accountant , Auditor, CEO, CFO များရဲ့ အခန်းကဏ္ဍသည် အရမ်းကို အရေးပါလာသည့်အပြင် စာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်ထားသည့် CPA သင်တန်းတွင် Accounting and finance ဖြင့် ဘွဲ့ရရှိသည့် လူငယ်များသည် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန်မလိုပဲ တိုက်ရိုက်တက်ရောက်ခွင့် ရနိုင်သည့် အခွင့်အရေးများလည်းရှိသည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတက္ကသိုလ်မှ သင်ကြားပေးနေသည့် ဘာသာရပ်များကို တန်ဖိုးထားကြိုးစား လေ့လာသင်ယူကြရန်၊ လက်တွေ့အသုံးချချိန်တွင်လည်း စာရင်းကိုင်များ၏ အရည်အချင်းများဖြစ်သည့် တည်ငြိမ်၊ တိကျမှန်ကန်၊ စေ့စပ်သေချာ၊ စနစ်ကျနစွာဖြင့် Heart, Head, Hand, Hear, Hardworking စသည့် ‘H (၅)လုံး’ကို နှလုံးမူပြီး ကြိုးစားသွားကြရန် မှာကြားပြီးနောက် မိဘဆရာသမားများ ကျေးဇူးကို သိတတ်ပြီး မိမိတက္ကသိုလ် မိမိပတ်ဝန်းကျင် မိမိဒေသ မိမိနိုင်ငံ အကျိုးကို ဆောင်နိုင်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသော ထူးချွန်ထက်မြတ် လိမ္မာယဉ်ကျေးသည့် သားကောင်း သမီးကောင်းများ  ဖြစ်လာနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပြီးနောက် ဝါဏိဇ္ဇဗေဒ ဌာန၊ ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ Naypytiaw State Academy တွင် ကျင်းပခဲ့သည့် ပညာ‌ရေးဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် “The Effect of Credit Accessibility on Farm Performance of Farmers in Pauk Myine Village, Myittha Township, Mandalay” စာတမ်းခေါင်းစဉ်ဖြင့် ပထမဆုရရှိခဲ့သည့် ဝါဏိဇ္ဇဗေဒပညာဌာနမှ နည်းပြ ဦးထွန်းမင်းအောင်အားလည်းကောင်း၊ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြု ဘာသာရပ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများအားလည်း ကောင်း၊ ဆောင်းပါးကဗျာစာစီစာကုံးပြိုင်ပွဲ၊ Impromptu Talk Competition ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ နှင့် ဌာနမှူးများမှ  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အာစရိယပူဇော်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ 
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝါဏိဇ္ဇဗေဒပညာဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ဘာသာရပ် (First Semester, Second Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အဆိုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝါဏိဇ္ဇဗေဒပညာဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြုဘာသာရပ် မောင်သစ်လွင် (First Semester King) မယ်သစ်လွင်(First Semester Queen) နှင့် First Semester People Choice Boy and Girl, မောင်သစ်လွင် (Second Semester King) မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl,များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King),  မောင်သစ်လွင်(Second Semester King) ရရှိသူ တို့အား  စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူနှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူ နှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ယခင်နှစ်မှ King and Queen ရရှိသူများမှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm