Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် စပါယ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရ‌ငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း


30 Jan,2024

ပျော်ဘွယ် ဇန်နဝါရီ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် သိမ်ကုန်းအုပ်စု၊ စပါယ်ကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် နှင့် တာဝန်ရှိသူများက မြစီမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များနှင့်အတူ စပါယ်ကုန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်သီတာခိုင်၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် နှင့် ဝန်ထမ်းများမှ  လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

မင်းလမ်း(တ)ကျေးရွာတွင် အရှည် ၅၄၈ ပေ၊ အကျယ်၁၂ပေ ၊ အမြင့် ၆ လက်မ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ရန်ပုံငွေကျပ်သန်း ၁၀.၀ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၄.၉၃၀ သန်း၊ စုစုပေါင်း ၁၄.၉၃ သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ/သားများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၁၀၀% ဆောင်ရွက်ပြီးဖြစ်သည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် စပါယ်ကုန်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm