Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကူးမြို့နယ် တလိုင်းငုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


30 Jan,2024

စဉ့်ကူး  ဇန်နဝါရီ  ၃၀

                        မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တလိုင်းငုတ်ကျေးရွာ၌ နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

                        ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျနိုင်စေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်စေရန်ရည်ရွယ် ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အသင်းသား/အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများကို အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။

                        ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင် များထံ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။ 

                ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တလိုင်းငုတ်ကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ ၆၄ ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃၃ ဦး စုစုပေါင်းအသင်းသား/အသင်းသူ ၁၃၂ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၅၂၁ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm