Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ချပြရှင်းလင်းခြင်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းခြင်း


30 Jan,2024

၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း  ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ကျေးရွာ (၇)ရွာတွင် (၁၀၀%)ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာသူ၊  ကျေးရွာသားများထံသို့ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သည့် အချက်အလက်များ အား ချပြရှင်းလင်းခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။ 

       ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများသည် (၂၅.၁.၂၀၂၄)ရက်နေ့တွင် (၁၀၀%) ပြီးစီးအောင် ဆောင်ရွက် ပြီးသည့် သပြေကန်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသို့ ကွင်းဆင်းသွားရောက် ခဲ့ပြီး   စီမံကိန်းလုပ်ငန်းနှင့် သက်ဆိုင်သည့် စာရင်းဇယားများ၊ စာရွက်စာတမ်းများ၊ အသုံးစရိတ်များအား ကျေးရွာသူ၊ကျေးရွာသားများထံသို့ ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ထိန်းသိမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊၊ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm