Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ အိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


30 Jan,2024

မန္တလေး ဇန်နဝါရီ ၃၀

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြင်းကန်ကျေးရွာအုပ်စု၊ အိုင့်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စေရန် ရည်ရွယ်၍ အရင်း မပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို ဇန်နဝါရီ ၃၀ ရက်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါမိုး က  စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံက စီမံကိန်းအကြောင်းအရာ များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက ညောင်လည်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် ၄၀.၃ သန်း လွှဲပြောင်း ပေးအပ်သည်။

           ထို့နောက် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီး ကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးရေ ၁၆ ဦးအား ငွေကျပ်(၁၁)သန်း ၊မွေးမြူရေးလုပ်ကိုင်သူဦးရေ ၂၅ ဦးအား ငွေကျပ်(၁၁.၄)သန်း ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူဦးရေ ၅၉ ဦးအား ငွေကျပ် (၁၇.၉)သန်း စုစုပေါင်း အသင်းသား၊ အသင်းသူဦးရေ ၁၀၀ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၄၀.၃)သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm