Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း


30 Jan,2024

သာစည် ဇန်နဝါရီလ ၃၀

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သော ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာ ဖြစ်သော ကြက်မောက်ကျေးရွာတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်း (၇၅၀’x၁၂’x၆”) ခွင့်ပြုငွေကျပ် (၁၉.၄၃)သန်းဖြင့် လုပ်ငန်းပြီးစီးမှု(၉၅%) ဆောင်ရွက်ပြီးဖြစ်ပြီး ၊Slab Culvert တည်ဆောက်ခြင်း (၅’-၃”x၁၈’x၅’-၉”)(၃)စင်း ခွင့်ပြုငွေကျပ် (၁၂.၀၀)သန်းဖြင့် လုပ်ငန်းပြီးစီးမှု(၈၅%)ပြီးစီးပြီဖြစ်ပြီး၊ အမှိုက်ကန်နှင့်ခြံစည်းရိုးကာရန်ခြင်း (၃၀’x၃၀’x၅’) ၊ (၁၄၀’) ခွင့်ပြုငွေကျပ် (၂.၄၂)သန်းဖြင့်ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် (၇၃%)ဆောင်ရွက် ပြီးစီးမှု အခြေအနေအား မိတ္ထီလာခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး ၊ စီမံကိန်းတာဝန်ခံ နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm