Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ် မင်းကုန်းကျေးရွာ၌ မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများပြန်လည်ထုတ်ချေးခြင်း


30 Jan,2024

ဝမ်းတွင်း  ဇန်နဝါရီ ၃၀

          မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အ‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၁၅)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အဆိုပါကျေးရွာ၌ ထုတ်ချေးခြင်းကြောင်းသိရသည်။

          ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်  ဖော်ဆောင်ရွက်လျှက်ရှိသည့်    မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ  မင်းကုန်းကျေးရွာ (၁)ယူနစ် အတွက်  ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်  (၁/၂၀၂၄)လအတွင်း   အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍  အဆိုပါကျေးရွာမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို ကျေးရွာမြစိမ်းရောင်ကော်မတီဝင် များက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ   ထုတ်ချေးပေးခဲ့သည်။  

ထိုသို့ထုတ်ချေးပေးရာတွင် မင်းကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၇)ဦးအတွက် ထုတ်ချေး ငွေ၆.၆၅သန်း၊ မွေးမြူရေး လုပ်ကိုင်သူ (၉၀)ဦး အတွက် ထုတ်ချေးငွေ ၃၂.၁၅ သန်း အ‌ရောင်းအဝယ် လုပ်ကိုင်သူ (၈)ဦး အတွက် ၃.၀ သန်း စုစုပေါင်း (၁၁၅)ဦး အတွက် ထုတ်ချေးငွေပေါင်း ၄၁.၈ သန်းတို့ကို အသီးသီးထုတ်ချေး‌ပေး ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်