ဘားအံ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်အတွင်း သမဝါယမလူမှုစီးပွားမြှင့်တင်ရေး Pilot Project (ရှေ့ပြေးစမ်းသပ် စီမံကိန်း) အဖြစ် ဘားအံမြို့နယ် ဒူရိန်ကျေးရွာ ဘဝအောင်မြင်မှု စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းမှ အသင်းသားများ နွားများမွေးမြူနိုင်ရန်အတွက် မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ ပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ချေးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဦးစီးမှူးက လူမှုစီးပွားမြှင့်တင်ရေး Pilot Project ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ မတည်ထောက်ပံ့ငွေများ အား အကျိုးရှိစွာအသုံးပြုရေး၊ သမဝါယမ၏မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ အသင်းသားများ၏ လူမှုစီးပွားမြှင့်တင်ရေးမှတစ်ဆင့် ရပ်ရွာအား အကျိုးပြု နိုင်အောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်အဆင့်ချေးငွေကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးဒေါ်ဆုယဉ်မြင့်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ သမဝါယမအသင်းအဆင့်ဆင့်မှအမှုဆောင်များ၊ ဘဝအောင်မြင်မှု စိုက်ပျိုးရေးနှင့်အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းမှအမှုဆောင်များနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်