Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းဖွင့်ပွဲကျင်းပ


30 Jan,2024

          (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပသည်။

              အခမ်းအနားတွင် စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ဆွေ၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်နှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်း အခြေအနေကို လှည့်လည်ကြည့်ရှုသည်။

        ယခုဖွင့်လှစ်သည့် စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းမှာ အရှည် ၇ ဖာလုံ၊ အကျယ် ၁၈ ပေနှင့် အမြင့် ၃ လက်မရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၉ ဒသမ ၅ သန်းအသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စည်သာကျေးရွာပြည်သူများ၏ သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 မင်းမြင့်မိုရ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm