ဇေယျာသီရိ ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇန်နဝါရီ ၂၉ရက် နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက လေသာ(တောင်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းစာရင်းဇယားများ ဖြည့်သွင်း ထားရှိမှု၊ စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် ပံ့ပိုးရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်၊၊
လေသာ(တောင်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ မတည်ရန်ပုံငွေကျပ်သိန်း ၃၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၃၃ ဦးကို ငွေကျပ် ၃၈၉သိန်း ထုတ်ချေးပေးထားကြောင်း ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ပြောပြ၍ သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။