ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒဏ္ခိဏသီရိ မြို့နယ် ရွှေပြည်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်မျိုးနိုင်၊ လယ်ဝေးခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများ၊ တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ သရက်တောကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဦးစီးမှူး ဦးရန်မျိုးနိုင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ရွှေပြည်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၁ ဒသမ ၃၉၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကျောက်ရောမြေခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်း၊ ကုန်ထုတ်တံတားအဖြစ် Slab Culvert သုံးစင်းတည်ဆောက်ခြင်း၊ Pipe Culvert လေးစင်းတည်ဆောက်လုပ်ငန်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၈၁ ဒသမ ၆၃၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဇွဲထက်မာန်ကုမ္ပဏီမှ စက်တင်ဘာလ စတုတ္ထအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ရွှေပြည်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ တောင်သူ ၇၅ ဦးတို့၏ စိုက်ပျိုးမြေဧက ၂၅၀ ဧကကျော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်