Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာ၌ နွေစပါးစိုက်တောင်သူများအတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်


29 Jan,2024

မအူပင် ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံစုတ် ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာတွင် စိုက်ပျိုးရေရရှိရန်ခက်ခဲသည့် နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စနစ် တပ်ဆင်ဆောင်ရွက်နေမှုကို မြို့နယ်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ လယ်ကွင်း၌ ကွင်းဆင်းတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် ဝန်ထမ်းများက ကျုံစုတ်ကျေးရွာ၌ နွေစပါးစိုက်တောင်သူ(၂၆)ဦး၏ လယ်ဧက (၁၆၄) ဧကအတွက် စိုက်ပျိုးရေရရှိအောင် ဆိုလာရေတင်စနစ်(၂)စုံ တပ်ဆင်ပေးထားပြီး ကျုံစုတ်ကျေးရွာရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် ယခင်ကစပါးအထွက်နှုန်းတိုးတက်အောင်မြင်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် စိုက်ပျိုးရေရရှိနိုင်မှုမရှိသဖြင့် ‌နွေစပါးမစိုက်နိုင်ခြင်း၊ ဆိုလာရေတင်စနစ်ဖြင့် စပါးစိုက်ပျိုးချင်သော်လည်း ရေတင်ရန်လိုအပ်သည့် စက်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူအသုံးပြုရန် ခက်ခဲသူများ၊ မိမိအစီအစဉ်ဖြင့်ရေတင်စက်များဖြင့် ဆောင်ရွက်နေသော်လည်း စက်သုံးဆီကျခံနိုင်မှုမရှိသဖြင့် စိုက်ကွင်းသို့ ရေအပြည့်အဝမသွင်းနိုင်ခြင်း၊ ရေဖူလုံစွာမရသဖြင့် စပါးအထွက်တိုးမှုအားနည်းခြင်း စသည့်စိုက်ပျိုးရေရရှိရန် ခက်ခဲ့နေသည့် တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိရန် ဆိုလာရေတင်စနစ်ဖြင့် ကျေးရွာများသို့ အလှည့်ကျစနစ်ဖြင့် အခမဲ့ဌားရမ်းအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကျုံစုတ်ကျေးရွာ၌ ဆိုလာရေတင်စနစ်(၂)စုံ တပ်ဆင်ပေးထားပြီး နွေစပါးစိုက်တောင်သူ(၂၆)ဦး၏ လယ်ဧက (၁၆၄) ဧကအား စိုက်ပျိုးရေရရှိအောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် စပါးစိုက်တောင်သူများကြုံတွေ့နေရသည့် အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ပြီး ယခင်ကဝင်ငွေများ တိုးပွားကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်”ဟု မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးက ပြောပြ၍သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm