မင်းတုန်း ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် သော်မော် - မင်းကိုင်း ဆက်သွယ်ရေးလမ်းပေါ်၌ ကျောက်စီကမ်းကပ်ခုံနှင့် ၁၈ ပေရှိသည့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၃၄ သန်းဖြင့် မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းကျေးရွာချင်းဆက်တံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်ပြီဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်