နေပြည်တော် ဇန်နဝါရီ ၂၉ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက်ကွန်ပျူတာစီစဉ်ရေးမှူးနှင့် စာရင်းကိုင်(၄)များ၏ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို (၂၉-၁-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
သင်တန်းတွင် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်/စည်းကမ်းများ၊ ဌာနစိတ်အလိုက် ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ငွေစာရင်းထားသိုပုံများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာများအား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာ သင်တန်းကို (၂၉-၁-၂၀၂၄)ရက် နေ့မှ (၂-၂-၂၀၂၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၂၂) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်