သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးရွာ ဖွံ့ဖြိုးရေးဆိုင်ရာလေ့လာမှုစစ်တမ်းကောက်ယူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၉-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်းက ပို့ချမည့် သင်ခန်းစာခေါင်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်တာဝန်ခံ(၁)ဦးစီမှ မိတ်ဆက် စကားပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ ( ၆၃ )ဦးတို့က Video- Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက် ဖြစ်ပါကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်