Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာချင်းဆက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုစစ်‌ဆေး


29 Jan,2024

 မြစ်ကြီးနား ဇန်နဝါရီ ၂၆

       ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကျေးရွာချင်းဆက်လမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် အင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးနှင့် တာဝန်ရှိသူများသည် အရှည် ၅ ဖာလုံ ၊ အကျယ် ၁၆ ပေ၊ ထု ၇လက်မရှိ နမ်းပေါင်-ရှောင်ကွင်း-မော်ဖောင်း-နယ်မြေ (၈) ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

    ထို့နောက် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် ဇခုန်ကျေးရွာ၌ အရှည် ၇ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မရှိသည့် ကျောက်ချောလမ်းခင်းခြင်း၊ မြေသားတာပေါင် တင်ခြင်းနှင့် ၎င်းလမ်းပေါ်ရှိ Box Culvert တံတားခြောက်စင်းတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျေးရွာချင်းဆက်လမ်းနှင့် တံတားလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

    အဆိုပါ ကျေးရွာချင်းဆက်လမ်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၈ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ချိုသန်းညွန့်(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm