Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်


29 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၉

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို  ဇန်နဝါရီ ၂၆ ရက်နေ့က မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့်တာဝန်ရှိသူများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌမှ သဘာပတိ ဒေါ်ယုယုအေး အမှာစကားပြောကြားရာတွင် သမဝါယမအသင်းများတွင် အရပ်ရပ် ဆိုင်ရာအစည်းအဝေးသည် အသင်း၏ကိစ္စအရပ်ရပ်ကို ဖြေရှင်းပေးနိုင်သည့် အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်ကြောင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အသင်းတိုင်း တစ်နှစ်တစ်ကြိမ် ဘဏ္ဍာရေး နှစ်ကုန်ပြီး (၃)လအတွင်း ကျင်းပရမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေများဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အလေးထားပံ့ပိုး ဆောင်ရွက်လျက်ရှိပြီး၊ ယခုနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတွင် အသင်းသားတောင်သူများကို သွင်းအားစုများပံ့ပိုးပေးခြင်း၊ ထွက်ရှိလာသော စပါးများကိုလည်း ဒေသပေါက်ဈေးဖြင့် ပြန်လည်ဝယ်ပေးခြင်း၊ Refund ပြန်ထုတ် ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး၊ နွေစပါး စိုက်ပျိုးထုတ် အထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုး သန့် တစ်မျိုးရွေးချယ်စိုက်ပျိုး၍ စုပေါင်းစိုက်ပျိုးစုပေါင်းဆောင်ရွက်သည့်အကျိုးအမြတ်များ အညီအမျှ ခွဲဝေသည့်စနစ်၊ စိတ်တူဆန္ဒတူသမဝါယမပုံစံဖြင့် ဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ကြိုးပမ်း ကြရန် ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုအစီရင်ခံစာများကို ဒါရိုက်တာ အဖွဲ့ဝင်အသီးသီးမှ ဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ သဘောတူညီချက်ရယူကာ သဘာပတိက အတည်ပြုပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm