ဘားအံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာ၌ ရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက သောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့်အတူ လှာကာကျေးရွာ၌ အကျယ် လေးလက်မ၊ အနက်ပေ ၂၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံအောင် ဝိုင်းဝန်း စောင့်ရှောက်ကြရန် မှာကြားသည်။
လှာကာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ် အစိုးရရန်ပုံငွေကျပ် ၂၀ ဒသမ ၂၆၄သန်း အသုံးပြု၍ လင်းဌေးကုမ္ပဏီက ၂၀၂၃ ခုနှစ် မေလ စတုတ္ထပတ် က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသဖြင့် လှာကာ ကျေးရွာရှိ အိမ်ခြေ ၃၄၅၊ လူဦးရေ ၁၆၄၅ဦးတို့ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိသုံးစွဲနေပြီ ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသူရလွင်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်