ဗန်းမော် ဇန်နဝါရီ ၂၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၆ ရက်က ကုန်းမဟတ်ကျေးရွာချင်းဆက်လမ်း အရှည်တစ်မိုင် လေးဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ခုနစ်လက်မရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်းက တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သက်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေ ၉၆၄ ဒသမ ၉၉ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပစ္စည်းတင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကုန်းမဟတ်ကျေးရွာ၊ ဖိုးဒေဝကျေးရွာ၊ ကံကြီးကျေးရွာနှင့် ကမ္ဘားနီကျေးရွာ စုစုပေါင်းကျေးရွာ လေးရွာမှ လူဦးရေ ၂၉၃၆ ဦးတို့ကို အကျိုးပြုသွားလာဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၂၂
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်