ကံမ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အ လုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်း ရဲမှုနှုန်းကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ထန်းလေးပင်ကျေးရွာအုပ်စု၊ ဝန်လိုကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၃၆ ဒသမ ၁၈ သန်းကို ဝန်လိုကိုင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီး ကြပ်မှုဖြင့် ဝန်လိုကိုင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၁ ဦး ငွေကျပ် ၂၉ ဒသမ ၃၃ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦးအား ငွေကျပ် ၆ ဒသမ ၈၅ သန်း၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၁၃၀ ဦးအား ငွေကျပ် ၃၆ ဒသမ ၁၈ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်း တစ်ကျပ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထန်းလေးပင်ကျေးရွာအုပ်စု၊ ဝန်လိုကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်ကစတင် ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများ မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်