ဟိုပုံး ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလမ်းမှ ဟွေ့ရေခေါက် - ဆီးဟိုလမ်း ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မြသင်းဆွေ၊ ဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဒေါ်ခင်ရတနာစုနှင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဟွေ့ရေခေါက် - ဆီးဟိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဟွေ့ရေခေါက် - ဆီးဟိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း အပိုင်း(၁) အရှည် ၇ ဒသမ ၂၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့်ကိုးလက်မကို ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၀၁ ဒသမ ၄၈၂ သန်းဖြင့် AA & H Power ကုမ္ပဏီကလည်းကောင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း အပိုင်း(၂) အရှည် ၇ ဒသမ ၂၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မကို ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၁ ဒသမ ၄၃ သန်းဖြင့် အောင်စံမြင့်မိုရ် ကုမ္ပဏီကလည်းကောင်း ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်ထံမှ သိရသည်။
ဟိန်းထက်စိုး(မလှိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်